ဆရာတော်ဘဒ္ဒန္တကုဏ္ဍလ ၏အတ္ထုပ္ပတ္တိ

 

 

ဆရာတော် ဘဒ္ဒန္တကုဏ္ဍလ ၏ အတ္ထုပ္ပတ္တိ-

ရန်ကုန်-မန္တလေး အမြန်လမ်း (၁၈မိုင်-၃ဖာလုံ)၊

အပြည်ပြည်ဆိုင်ရာ ဖားအောက်တောရ ဝိပဿနာဓုရ ဗုဒ္ဓသာသနာ့ရိပ်သာ၊လှည်းကူးမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီးတွင်သာသနာပြုနေပါသည်။

ဆရာတော် ဘဒ္ဒန္တကုဏ္ဍလ အား ပြည်ထောင်စု မြန်မာနိုင်ငံ တော် မကွေးတိုင်းဒေသကြီး ဆင်ပေါင်ဝဲမြို့နယ် စည်တိုင်းကျေးရွာ၌ ၁၉၅၉ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့တွင် ဖွားမြင်ခဲ့သည်။ ဆရာတော်၏ လူဝတ်ကြောင်အမည်မှာ မောင်ကံတင်ဖြစ်သည်။ သူ့၏မိဘနှစ်ပါးမှာ ဦးကျော်ငြိမ်းနှင့် ဒေါ်မြင့်တို့ဖြစ်ပြီး ဗုဒ္ဓဘာသာဝင်များဖြစ်ပါသည်။  


မိဘနှစ်ပါး၏ ထောက်ပံ့မှုဖြင့် အသက် ကိုးနှစ်သားအရွယ်တွင် ရှင်ကုဏ္ဍလ အမည်ရှိ ရှင်သာမဏေအဖြစ် ရောက်ရှိခဲ့သည်။ ဥပဇ္ဈာယ်ဆရာတော်မှာ စည်တိုင်းကျေးရွာ ရွာဦးကျောင်းတိုက်မှ ဆရာတော် ဘဒ္ဒန္တဝိသုဒ္ဓ ဖြစ်သည်။ ရှင်ကုဏ္ဍလ သည် ၁၉၈၀ ခုနှစ် ဇန္နဝါရီလ ၁၉ ရက်နေ့တွင်ခဏ္ဍသိမ်တော် ရဟန်း အဖြစ် ရရှိခဲ့သည်။

ရှင်ကုဏ္ဍလသည် မကွေးတိုင်းဒေသကြီး ဆင်ပေါင်ဝဲမြို့နယ် စည်တိုင်းကျေးရွာ ရွာဦးကျောင်းတိုက်တွင်အခြေခံ.၃.နှစ်၊   ပြည်မြို့၊သာသနာ့ဒီပါရုံကျောင်းတိုက်တွင်.၁.နှစ်၊မုံရွာမြို့၊သဒ္ဓမ္မပဇ္ဇောတာရုံကျောင်းတိုက်တွင်.၃.နှစ် ၊ ပြည်မြို့၊မဟာသုဒဿနာရာမကျောင်း တိုက် တွင်.၄.နှစ်၊၁၁.နှစ်ကြာ ဗုဒ္ဓစာပေ သင်ကြားခဲ့ပါသည်။ ပထမလတ်တန်းစာမေးပွဲကို အောင်မြင်ပြီး ပါဠိ၊ အဋ္ဌကထာ၊ ဋီကာ ဗုဒ္ဓကျမ်းဂန် တို့ကို ဆက်လက်သင်ယူခဲ့ပါသည်။

၁၉၈၈ ခုနှစ်မှ ၁၉၉၁ ခုနှစ်အထိ မုံရွာမြို့ သဒ္ဓမ္မပ​ဇ္ဇောတာရုံကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တနာဂဝံသ၏ လမ်းညွှန်မှုဖြင့် ကမ္မဋ္ဌာန်းတရားများကို သင်ယူအားထုတ် ခဲ့ပါသည်။

၁၉၉၂ ခုနှစ်တွင် ဓမ္မစွမ်းရည်၊ မဟာစည်ရိပ်သာ၊ စစ်ကိုင်း ​တောင်၌ ကမ္မဋ္ဌာန်းဆရာဖြစ်လာပြီး တရားအားထုတ်လိုသူ ယောဂီများကို တရားရှုပွါးနည်းများ ညွှန်ကြား ပြသပေးခဲ့ပါသည်။

တစ်ဖန် ၁၉၉၃ ခုနှစ်မှ ၁၉၉၉ ခုနှစ်အထိ မွန်ပြည်နယ် မော်လမြိုင်မြို့နယ်၊ အပြည်ပြည်ဆိုင်ရာဖားအောက်တောရရိပ်သာ ဆရာတော် ဘဒ္ဒန္တအာစိဏ္ဏ ၏ လမ်းညွှန်မှုဖြင့် ကမ္မဋ္ဌာန်း တရားကို ပွါးများအားထုတ်ခဲ့ပါသည်။

ဖားအောက်တောရ ဆရာတော် ဘဒ္ဒန္တအာစိဏ္ဏ၏ ဆုံးမသြဝါဒ အရ ဆရာတော် ဘဒ္ဒန္တကုဏ္ဍလ သည်  အောက်ဖော်ပြပါနေရာများတွင် တရားဓမ္မများ သင်ကြား ပြသပေးခဲ့ပါ သည်။ 

၁။ မော်လမြိုင် ဖားအောက်တောရရိပ်သာတွင် ၆နှစ်၊

၂။  ရန်ကုန် သံလျှင် ဖားအောက်ရိပ်သာတွင် ၂ နှစ်၊

၃။နေပြည်တော် လက်လုပ်တောင်တောရတွင် ၁ နှစ်၊

4။ မန္တလေး မန်းတောင်ခြေ ဖားအောက်ရိပ်သာတွင် ၁ နှစ် ၊

၅။ ထိုင်ဝမ်နိုင်ငံ.နန်းထိုခရိုင်.ကိုရှင်းမြို့အနီး.သမဏသုခဖားအောက်တောရရိပ်သာတွင် ၁ နှစ်၊

၆။ စင်္ကာပူ၊ ထိုင်း၊ မလေးရှားနှင့် တရုတ်ရိပ်သာခွဲများရှိ ဖားအောက်တရားစခန်းများသို့ နှစ်စဉ် သွားရောက်၍ တရားပွဲများပြုလုပ်ပေးပါသည်။

၇။ ၁၉၉၉ ခုနှစ်မှ စတင်၍ ဆရာတော် ဘဒ္ဒန္တကုဏ္ဍလ သည် ဆားလင်းကြီးမြို့နယ် ပေါင်းဝကျေးရွာ ရွှေဦးမင် တောရကျောင်း၌ တစ်နှစ်လျှင် ၂ ကြိမ် ပုံမှန် တရားစခန်းအထူးတရားစခန်းများဖွင့်လှစ် ခဲ့ပါသည် ။ စုစုပေါင်း (၁၅-ရက်) တရားစခန်း(၁၆-ကြိမ်)၊ (၁၀-ရက်) တရားစခန်း(အကြိမ် ၂၀) ကျင်းပ၍  ယောဂီအရေအတွက်(၆၁၅၀) ကျော်တို့ တရားအားထုတ်ခွင့် ရရှိခဲ့ကြပါသည်။

မြန်မာနိုင်ငံရှိ ဒေသအသီးသီးတွင်လည်းဆရာတော်ဘုရားသည် အထူး တရားစခန်းများစွာကို ကျင်းပကာ သင့်လျော်သော တရားရှုပွါးနည်းများ ပေးခဲ့ပါသည်။

ထို့ပြင် ဆရာတော် ဘဒ္ဒန္တကုဏ္ဍလသည် သံဃာ့ပရိယတ္တိကျောင်းများနှင့် သီလရှင်ပရိယတ္တိကျောင်းများသို့ မကြာခဏ သွားရောက်တရား​ပြလေ့ရှိပြီး ဗုဒ္ဓသာသနာ ပြန့်ပွားရေးအတွက် ကမ္မဋ္ဌာန်း တရားအားထုတ်နည်းကို လမ်းညွှန်ပေးပါသည်။

ဆရာတော် ဘဒ္ဒန္တကုဏ္ဍလသည် အောက်ဖော်ပြပါနေရာ များတွင် သာသနာ့တာဝန်များကို ထမ်းဆောင်လျက် ရှိသည်။

-၁၉၉၉ ခုနှစ်မှ ယခုအချိန်အထိ အပြည်ပြည်ဆိုင်ရာဖားအောက်တောရရိပ်သာ (ပင်မ)၊တွင်နာယကအဖြစ်သာသနာ့တာဝန်ကိုဆောင်ရွက်နေပါသည်။

– ၂၀၀၈-၂၀၁၉ ပြင်ဦးလွင်မြို့နယ် သံဃာ့နာယက

တာဝန်ကိုထမ်းဆောင်ခဲ့ပါသည်။

– ၂၀၁၉ ခုနှစ်မှ ယခုအချိန်အထိ လှည်းကူးမြို့နယ်၊၁၈မိုင် ဖားအောက်တောရရိပ်သာတွင် သာသနာ့တာဝန်ကိုဆောင်ရွက်နေပါသည်။

– 2012 ခုနှစ်မှ ယခုအချိန်အထိ ပဓာန နာယက ဆရာတော်အဖြစ်သည် အပြည်ပြည်ဆိုင်ရာ ဖားအောက်တောရဝိပဿနာဓုရ ဗုဒ္ဓသာသနာ့ရိပ်သာ၊လှည်းကူးမြို့နယ်၊ ရန်ကုန် တိုင်းဒေသကြီးတွင်၊ပြည်တွင်းပြည်ပနှစ်ဌာနလုံးတွင် ဆရာတော်ဘဒ္ဒန္တကုဏ္ဍလ သည် နှစ်ပေါင်း ၃၀ အတွင်း ယောဂီအရေအတွက် (၉၁၃၀)အတွက် တရားရှုပွါးနည်းများ သင်ကြားပေးခဲ့ပါသည်။

ဆရာတော်ဘုရား၏ ရည်ရွယ်ချက်အတိုင်း သာသနာပြု ကြိုးပမ်းအားထုတ်မှုကို ဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရသည် ၂၀၁၈ ခုနှစ်တွင် ကမ္မဋ္ဌာနာစရိယဘွဲ့တံဆိပ်တော်ကိုလည်းကောင်းအပ်နှင်းခံရကာ ၊ ၂၀၂၂ တွင် မဟာကမ္မဋ္ဌာနာစရိယဘွဲ့တံဆိပ်တော်ကိုလည်းကောင်း ထပ်မံ အပ်နှင်းခံခဲ့ရပါသည်။

ဆရာတော် ဘဒ္ဒန္တကုဏ္ဍလ သည် သက်ရှိသတ္တဝါ အပေါင်းတို့အပေါ် ကြီးမားသော မေတ္တာ ကရုဏာဖြင့် ​မြတ်ဗုဒ္ဓ၏ ဓမ္မ-ဝိနယ တရားတော်ကို ညွှန်ကြားပြသတော်မူပြီး သာသနာ့တာဝန် များကို စွမ်းစမ်းတမံ ထမ်းဆောင်လျှက် ရှိ​နေပါသည်။